ကုမ္ပဏီ အကျဉ်းချုပ်

Amigos International Co.Ltd သည် မြန်မာအမျိုးသားပိုင် ကုမ္ပဏီတစ်ခု ဖြစ်ပြီး ၂၀၁၀ခုနှစ် တွင် ကုမ္ပဏီမှတ်ပုံတင် အမှတ် (1950/2009-10) ဖြင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် တရားဝင် မှတ်ပုံတင်ထားသော ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။

Amigos International Co., Ltd သည် တည်ဆောက်ရေး လုပ်ငန်းသုံး မြေတိုင်းတာရေး ပစ္စည်းများ၊ Construction Material Testing ပစ္စည်းများဖြစ်သည့် Soil, Concrete and Asphalt Testing ပစ္စည်းများ၊ ပတ်ဝန်းကျင်နှင့် မိုးလေဝသ တိုင်းတာရေး ပစ္စည်းများ၊ စိုက်ပျိုးရေး သုတေသန လုပ်ငန်းသုံးပစ္စည်းများ၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ ရှာဖွေတူးဖော်ရေး ပစ္စည်းများ၊ ဘူမိဗေဒနှင့် ဘူမိရူပဗေဒ ဆိုင်ရာလေ့လာရေး ပစ္စည်းများ၊ ပညာရေးဆိုင်ရာ သင်ထောက်ကူ ပစ္စည်းများ၊ သိပ္ပံနှင့် ဓါတ်ခွဲခန်းသုံး ပစ္စည်းများကို ကမ္ဘာ့နိုင်ငံအသီးသီး ရှိထိပ်တန်း ကုမ္ပဏီများမှ မြန်မာပြည်အတွင်း တရားဝင် ကိုယ်စားလှယ်အဖြစ် တင်သွင်းဖြန့်ဖြူးခြင်း၊ ရောင်းချပြီး ဝန်ဆောင်မှုပေးခြင်း၊ စက်ကိုင်တွယ်မှု သင်တန်းများပေးခြင်း၊ နည်းပညာဆိုင်ရာ ကူညီမှုပေးခြင်း၊ Service Center ဖွင့်လှစ်၍ ပြန်လည်ပြုပြင်ပေးခြင်း အစရှိသည်တို့ကို ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

ကုမ္ပဏီ၏ Scope of Products and Services များကို အောက်တွင်ဖော်ပြထားပါသည်။

Land Surveying Instrument
Soil, Concrete & Asphalt Testing Equipment
Environmental Quality Testing Equipment
Weather Monitoring & Horticulture Research Equipment
Bathymetry Surveying Instrument
Geological & Earth Exploration Testing Instrument
GIS Data Collection Equipment and Software
GPS & GPS Tracking System
Land Surveying & Digital Mapping Services