လုပ်ငန်းဝင်အသုံးချ သင်တန်းများ

Amigos International Co., Ltd မှ မြန်မာနိုင်ငံရှိ ဆောက်လုပ်ရေးကဏ္ဍ၊ သတ္တုတူးဖော်ရေး ကဏ္ဍ နှင့်အခြားသော ကဏ္ဍအသီးသီးတွင် ကျွမ်းကျင်သော မြေတိုင်းပညာရှင်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း (MGS)၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း (MCEF) ၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ (YCDC) အစရှိသော အဖွဲ့အစည်းများနှင့် အတူ ပူးပေါင်း၍ ကျွမ်းကျင်ပြီးလုပ်ငန်း အတွေ့အကြုံ အမြာက်အမြားရှိသော သင်တန်းဆရာ များမှဦးစီး၍ အဆင့်မြင့် မြေတိုင်းသင်တန်းများအား ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံရှိ Surveyor များ၊ Engineerများ၊ ကျောင်းသားကျောင်းသူများနှင့် မြေတိုင်းပညာအား စိတ်ဝင်စားသူများ အားလုံး တက်ရောက် သင်ကြားနိုင်ကြပါသည်။ Amigos International Co., Ltd မှဖွင့်လှစ်သော သင်တန်းများ တွင် Level, Theodolite, Total station, Hand held GPS, GNSS GPS စသည့်အဆင့်မြင့် နောက်ဆုံးပေါ် စက်ပစ္စည်းများဖြင့် မိမိတို့လုပ်ငန်းခွင် အတွင်းကျွမ်းကျင်စွာ Professional ကျကျ လုပ်ကိုင်နိုင်သည်ထိ သင်ထောက်ကူပစ္စည်းများ ပြည့်ပြည့်၀၀ အသုံးပြုကာသရုပ်ပြဆရာများနှင့် လက်တွေ့သာမက စာတွေ့ပါသင်ကြား ပြသပေးလျက်ရှိပါသည်။

သင်တန်းသားများ အားအဖွဲ့ငယ်များ ခွဲ၍ တစ်ဖွဲ့လျှင် သရုပ်ပြဆရာတစ်ယောက် ဦးစီးကာ အနီးကပ် ကြပ်ကြပ်မတ်မတ် သင်ကြားပေးခြင်း ဖြစ်သောကြောင့် သင်တန်းသား တစ်ဦးချင်းစီအနေဖြင့် လွယ်ကူရှင်းလင်းစွာ လေ့လာသင် ယူနိုင်မည်ဖြစ် ပါသည်။ ထို့အပြင် ကမ္ဘာသုံး၊ မြန်မာသုံး မြေပုံစနစ်များ၊ မြေပုံရေးဆွဲ ထုတ်လုပ်ခြင်း နည်းစနစ်များ ကိုလည်း Auto Desk Land Desktop, Google Earth စသော CAD & GIS Software များဖြင့် သင်ကြားပြသ ပေးလျက်ရှိပါသည်။ Amigos International Co., Ltd အနေဖြင့် အဆိုပါ သင်တန်းများကို 2011 ခုနှစ်မှစတင်၍ ဖွင့်လှစ်သင်ကြား ပေးခဲ့ခြင်းဖြစ်ကာ ယခုအချိန်တွင် ရန်ကုန်၊ မန္တလေး စသောမြို့ကြီးများနှင့် အခြားသော မြို့များတွင်လည်း သင်တန်းသားပေါင်း များစွာကို မွေးထုတ်ပေးနိုင်ခဲ့ ပြီးဖြစ်ပါသည်။ လူကြီးမင်း တို့အနေဖြင့် မြေတိုင်း ပညာရပ်များအား စိတ်ဝင်စား၍ Professional surveyor တစ်ယောက် အနေဖြင့် အသက်မွေးရန် ဆန္ဒရှိပါက Amigos International Co., Ltd မှဖွင့်လှစ်သော မြေတိုင်း သင်တန်းများတွင် တက်ရောက် သင်ကြားနိုင်ရန် ဖိတ်ခေါ်ပါရစေ။

 

mcef logo
မြေတိုင်းနည်းပညာ သင်တန်း (မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်) (MCEF)

 
 

mgs logo
မြေတိုင်းနည်းပညာ သင်တန်း (မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း) (MGS)