မြေတိုင်းလုပ်ငန်း ဝန်ဆောင်မူ

survey-mapping

Amigos International Co., Ltd သည်မြေတိုင်း လုပ်ငန်းများကို ကျွမ်းကျင်သော မြေတိုင်းပညာ ရှင်များခေတ်မှီ မြေတိုင်းစက်ကိရိယာများနှင့် တိုင်းတာဆောင်ရွက် ပေးလျက်ရှိပါသည်။ ယနေ့ခေတ် တည်ဆောက်ပြုပြင် ရေးလုပ်ငန်းများဖြစ်သော ဆောက်လုပ်ရေး လုပ်ငန်းများ၊ ဆည်မြောင်း၊ တာတမံ တည်ဆောက်ရေး လုပ်ငန်းများ၊ လမ်းတံတား ဆောက်လုပ်ရေး လုပ်ငန်းများ၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ ရှာဖွေရေးလုပ်ငန်းများ စသောလုပ်ငန်းများတွင် မြေတိုင်းလုပ်ငန်းသည် အခြေခံအကျဆုံးနှင့် မရှိမဖြစ် အခန်းကဏ္ဍတစ်ရပ် အနေဖြင့်အရေးပါလာခဲ့ ပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လူကြီးမင်းတို့ လက်ရှိဆောင်ရွက် နေသောစီမံကိန်း လုပ်ငန်းများတွင် မှန်ကန်တိကျမြန် ဆန်သော မြေတိုင်း Data များရရှိနိုင် ရေးအတွက် Amigos Surveying & Digital Mapping Services မှကူညီဆောင်ရွက် ပေးပါရစေ။

Amigos International Co.,Ltd ၏ Survey Team သည်

Construction Surveying services
Bathymetric Surveying services
Topographic Surveying services
Road Alignment and Construction Surveying services
Digital Mapping Services
Seismic Stakeout Surveying Services
Structure Alignment Monitoring Services

အစရှိသော မြေတိုင်းလုပ်ငန်းများကို Switzerland နိုင်ငံမှတင်သွင်းသော Geomax အမှတ်တံဆိပ် ခေတ်မှီမြေတိုင်း ကိရိယာများနှင့် ကျွမ်းကျင်သော ပညာရှင်များမှ တိကျမှန်ကန် မြန်ဆန်စွာတာဝန်ယူ ဆောင်ရွက်ပေးလျက် ရှိပါသည်။ မိမိတို့အသုံးပြုသော မြေတိုင်း စက်ပစ္စည်းများသည် ပြည်ပနိုင်ငံများသို့ စေလွှတ်၍ စနစ်တကျသင်ယူ တတ်မြောက်ထားသော Service Engineer များမှ calibration ပြုလုပ်၍စက်၏ ကြံ့ခိုင်မှု၊ တိကျမှန်ကန်မှုများကို အမြဲမပြတ်စစ်ဆေးထားပြီးဖြစ် သော Instrument များဖြစ်ပါသည်။ ထို့အပြင် Amigos Survey Team သည်မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် မြေတိုင်းလုပ်ငန်း အမျိုးမျိုးအား ပြည်တွင်းပြည်ပ ကုမ္ပဏီများစွာ နှင့်စီမံကိန်းပေါင်း များစွာကို လက်တွဲလုပ်ကိုင်ခဲ့သော အတွေ့အကြုံ များစွာရှိထားပြီး ဖြစ်ပါသည်။ မျက်မှောက်ခေတ်တွင် အချိန်နှင့် အမျှတိုးတက်လာသော နည်းပညာများနှင့် ပြောင်းလဲလာသော Instruments များကိုစဉ်ဆက်မပြတ် လေ့လာ၍ အရည်အသွေးကို တိုးတက်လာအောင် အစဉ်တစိုက် ကြိုးစားဆောင်ရွက်လျက် ရှိသော အဖွဲ့အစည်း တစ်ခုဖြစ်သောကြောင့် လူကြီးမင်းတို့၏ လုပ်ငန်းများအား စိတ်ချယုံကြည်စွာ အပ်နှံနိုင်ပါသည်ဟု အာမခံပါရစေ။ Amigos International Co.,Ltd သည်နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ကိုင်နေသော ကုမ္ပဏီတစ်ခု ဖြစ်သောကြောင့် နိုင်ငံတကာ ပညာရှင်များ ထံမှနည်းပညာသစ်များ training များကို စဉ်ဆက်မပြတ် ရယူနိုင်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ တိုင်းတာရရှိထားသော Data များအား Processing ပြုလုပ်ခြင်း၊ Mapping ရေးဆွဲထုတ်လုပ်ခြင်း တို့တွင်လည်း ယခင်ကအသုံးပြု လာခဲ့ကြသော Auto Desk Land Desktop Software နှင့်သာမက Global Mapper, Google Earth, Micro Survey, X-Pad Office MPS အစရှိသော အဆင့်မြင့် Software များအသုံးပြုကာ အရည်အသွေး မြင့်မားသော Data များ Map များကိုထုတ်လုပ် ပေးနိုင်ခဲ့ပါသည်။ တိကျမှန်ကန်သော Data များ၊ စိတ်ချ ယုံကြည်ရသော အရည်အသွေးများနှင့် လူကြီးမင်းတို့၏ လုပ်ငန်းများကို လူကြီးမင်းတို့ စိတ်တိုင်းကျ သည်အထိ Amigos Surveying & Digital Mapping Services မှ တာဝန်ယူဆောင် ရွက်ပေးပါရစေ။