စက်ပစ္စည်း ပြုပြင်ထိန်းသိမ်ရေး စင်တာနှင် နည်းပညာ ၀န်ဆောင်မှု

Amigos International Co., Ltd သည် ပစ္စည်းရောင်းချရုံသာ ရောင်းချသည့် Trading ကုမ္ပဏီ တစ်ခုမဟုတ်ပါ။ မိမိတို့ရောင်းချထားသည့် ပစ္စည်းများကို Customer နှင့် Enduser များကျွမ်း ကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရေး ၊ ယင်းပစ္စည်းများဖြင့် မိမိတို့၏ ဖောက်သည်များ၏ လုပ်ငန်းများကို ပိုမိုတိုးတက်အောင် ကူညီပေးနိုင်ရေး၊ ရောင်းချပြီး ပစ္စည်းများကို မိမိတို့ Customer များနှင့် end user များ ရေရှည်အသုံးပြုနိုင်ရေးကို အဓိက ဦးတည်ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ပစ္စည်းတန်ဘိုး မည်မျှနည်းနည်း၊ ပစ္စည်းတန်ဘိုး မည်မျှများများ ခွဲခြားမှုမရှိဘဲ မိမိတို့၏ ပစ္စည်းများအားလုံး အပေါ်တွင် အကောင်းမွန်ဆုံး ရောင်းချပြီး ဝန်ဆောင်မှုစနစ် ( After Sales Services) များဖြစ်သည့် warranty/ Servicing/ Repairing/Calibration နှင့် Application Training များပြုလုပ်ပေးလျက်ရှိပါသည်။ Amigos International Co., Ltd ၏ ရုံးများ ၊ Show Room နှင့် Services Center များကိုရန်ကုန်၊ မန္တလေး ၊ နေပြည်တော် အစရှိသည့် မြို့ကြီးသုံးမြို့တွင် ဖွင့်လှစ်ထားရှိ၍ မြန်မာနိုင်ငံအတွင်းရှိ ဒေသအသီးသီးမှ Customer များကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

 

service center

စက်ပစ္စည်းပြုပြင် ထိန်းသိမ်းရေးစင်တာ

ရန်ကုန်မြို့ Amigos International Co., Ltd တွင်ရှိသော Services Center သည် နိုင်ငံတကာ Services Center များ၏ စံချိန်စံညွန်းနှင့်ကိုက်ညီအောင် တည်ဆောက်ထားသည့် Center တစ်ခုဖြစ်ပါသည်။ Services Center ကို လုပ်သက် ရင့်ကျွမ်းကျင်သော Services Engineer များ၊ ငယ်ရွယ်တက်ကြွ၍ လေ့လာစူးစမ်းမှု အပြည့်ရှိသော Services Engineer များဖြင့်ပေါင်းစပ် ဖွဲ့စည်းထားပါသည်။အန္တရာယ် ဖြစ်စေသော လျှပ်စစ်စီးဆင်း မှုမဖြစ်ပေါ်ရန်အတွက် EDC Proof ဖြစ်အောင် စနစ်တကျ တည်ဆောက်ထားပါသည်။

အသေးစိတ်ဖတ်ရှရန်

 

 

စက်ပစ္စည်း စံကိုက်ချိန်ညှိခြင်း

အချို့သောတိုင်းတာရေး ပစ္စည်းများအတွက် စက်ကြံ့ခိုင်မှု ပုံမှန်စစ်ဆေးခြင်း နှင့်တိုင်းတာမှု ရ လဒ်များ အမြဲတစေ မှန်ကန်စေရေးကို ရည်ရွယ်၍ Calibration ပြုလုပ်ခြင်းကို Amigos International Co., Ltd ၏ Services Center မှတာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။ Calibration ပြုလုပ်ရခြင်းမှာ လူကြီးမင်းတို့၏ စက်ပစ္စည်းများ ကြံ့ခိုင်မှု အရည်အသွေး ပြည့်မှီမှုနှင့် တိုင်းတာမှုများ မှန်ကန်တိကျစေရန်အတွက် ရည်ရွယ်၍ ပြုလုပ်ရ ခြင်းဖြစ်ပါသည်။

အသေးစိတ်ဖတ်ရှရန်

calibration
 
technical-support

နည်းပညာ ၀န်ဆောင်မှု

Amigos International Co., Ltd ၏ထူးခြားသော ဝိသေသတစ်ခုမှာ မိမိတို့ ရောင်းချထားသော စက်ပစ္စည်းများ (အားလုံးမဟုတ်ပါ) ကိုသက်ဆိုင်ရာ လုပ်ငန်းခွင်သို့ လိုက်လံ၍ သင်ကြားပြသ ပေးခြင်းဖြစ်ပါသည်။ ဝယ်ယူသူဘက်မှ စက်ကိုင်တွယ် အသုံးပြုမည့်သူ အားယင်းစက်၏ အလုပ်လုပ်ပုံ၊ အသုံးပြုပုံ၊ ဆောင်ရန်ရှောင်ရန်များနှင့် ရေရှည်အသုံးပြုနိုင်အောင် ထိန်းသိမ်း ဆောင်ရွက်ရမည်များကို စနစ်တကျ သေသေချာချာ သင်ကြားပြသပေးပါသည်။ သို့မှသာ မိမိတို့တန်ဘိုး ကြီးစွာဖြင့် ဝယ်ယူထားသော ပစ္စည်းများ လေလွင့်မှုမရှိဘဲ ပစ္စည်းတန်ဘိုးနှင့် ညီမျှသည့် လုပ်ငန်းခွင် စွမ်းဆောင်ရည်များ ပိုမိုတိုးတက်ရရှိ မည်ဖြစ်ပါသည်။ ထုထည်နှင့် အလေးချိန်ကြီးမား၍ တည်ဆောက်ပုံရှုပ်ထွေးသည့် စက်ပစ္စည်းများ ကိုလည်းလုပ်ငန်းခွင်သို့ လိုက်လံ၍ စနစ်တကျ Installation ပြုလုပ်ပေးလျက် ရှိပါသည်။

အသေးစိတ်ဖတ်ရှရန်