ကုန်ပစ္စည်း မိတ်ဆက်ပွဲများ

တိုးတက်လာသော နည်းပညာ ခေတ်ကြီးထဲတွင် နည်းပညာများအကြောင်း အသေးစိတ်လေ့ လာနိုင်ရန်နှင့် မိမိတို့ ကုမ္ပဏီ အပေါ် ဝယ်ယူသူများ၏ ယုံကြည်အားကိုးမှု၊ စိတ်ကျေနပ်မှုရရှိစေရန် ရည်ရွယ်ချက်ဖြင့် ပစ္စည်းအသစ်များ မိတ်ဆက်ခြင်း၊ စက်ကိုင်တွယ် ပုံသင်တန်းများပေးခြင်း၊ ပစ္စည်းများ၏ အလုပ်လုပ်ပုံနှင့် နည်းပညာသစ် များအကြောင်း ဆွေးနွေးသည့် Seminar အစရှိသည့် ပွဲများကိုနှစ် စဉ်နှစ်တိုင်း ကျင်းပပြုလုပ် ပေးလျှက်ရှိပါသည်။

ထိုပွဲများ၌ Products Knowledge ရရှိစေရန်အတွက် နိုင်ငံတကာမှ Product Technician များ ကိုယ်တိုင်လာရောက် ဟောပြောဆွေးနွေး ပေးပါသည်။ Customer များအတွက် ကုမ္ပဏီ၏ နောက်ဆုံးပေါ် ထုတ်ကုန်ပစ္စည်း များဖြစ်သော မြေတိုင်းပစ္စည်း အမျိုးမျိုး၊ မြေသားကွန်ကရစ် စမ်းသပ်ပစ္စည်းများ၊ ဘူမိရူပဗေဒ လေ့လာရေး ဆိုင်ရာပစ္စည်းများ၊ ရေအရည်အသွေး စမ်းသပ် တိုင်းတာရေး ပစ္စည်းများ၊ လေထုအရည်အသွေး တိုင်းတာရေးဆိုင်ရာ ပစ္စည်းများ၊ ပတ်ဝန်းကျင်နှင့် စိုက်ပျိုးရေး သုတေသန သုံးဆိုင်ရာ ပစ္စည်းအမျိုးမျိုးကို လိုအပ်သလို ဝယ်ယူနိုင်ရန် အတွက်ရာခိုင်နူန်း များလျှော့ချ၍ ရောင်းချပေးပါသည်။

ထိုအပြင် တတ်ရောက်အားပေးသော Customer များအား လက်ဆောင် ပစ္စည်းများပေးအပ် ခြင်း၊ ကံစမ်းမဲများ ဖောက်ပေးခြင်းစသည့် အစီအစဉ်များကို လည်းထည့်သွင်း ပြုလုပ်ပေးပါသည်။ ထိုကဲ့ သို့သောပွဲမျိုးကို ရန်ကုန်မြို့တွင် သာမက မန္တလေး၊ နေပြည်တော်မြို့ကြီး များတွင်ဝယ်ယူအား ပေးလျက် ရှိသော Customer များအတွက်လည်း အဆင်ပြေစွာ ဝယ်ယူရရှိနိုင်အောင် အလားတူပွဲများ ပြုလုပ် ကျင်းပပေးပါသည်။

မြန်မာ့ရိုးရာဓလေ့ နှင့်အညီ နှစ်စဉ်ကျင်းပ ပြုလုပ်လေ့ရှိသော နှစ်သစ်ကူးပွဲတော် ၊ သီတင်း ကျွတ်ပွဲတော်၊ ခရစ္စမတ်ပွဲတော်၊ မိုးရာသီပွဲတော် များတွင်လည်း ဝယ်ယူအားပေးသော Customer များကို အထူးအစီအစဉ် များဖြင့်လည်း ရောင်းချပေးပါသည်။

International Exhibition များ၊ တက္ကသိုလ်များနှင့် ကျင်းပပြုလုပ်သော Science Fair များ၊ International conference များ၊ Seminar များတွင် မိမိတို့ တင်သွင်းရောင်းချသော ပစ္စည်းများ၏ နောက်ဆုံးပေါ် နည်းပညာများကို အများပြည်သူ သိရှိစေရန် ပါဝင်ပြသရောင်းချလျက် ရှိပါသည်။

HUMBOLDT SOIL, CONCRETE AND ASPHALT EXHIBITION

 

IDS Geo-Radar Presentation and Seminar

 

Industrial Scientific Gas Detector Seminar

 

TSI Real Time Dust Monitoring Seminar

 

2017 GEOMAX ROAD SHOW (NAY PYI TAW)
LOCATION - MICC-2

 

2017 GEOMAX ROAD SHOW (YANGON)
LOCATION - SEDONA HOTEL

 

2016 GEOMAX ROAD SHOW (YANGON)
LOCATION - SEDONAL HOTEL

 

2015 GEOMAX ROAD SHOW (YANGON)
LOCATION - PARK ROYAL HOTEL

 

2011 GEOMAX ROAD SHOW