ကုန်ပစ္စည်းများ

Amigos International Co., Ltd သည် လက်ရှိတွင် အောက်ဖော်ပြပါ တိုင်းတာရေးနှင့် ပစ္စည်းများ အား မြန်မာနိုင်ငံအတွင်း ရောင်းချဖြန့်ဖြူးခြင်းနှင့် ရောင်းချပြီး ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများ လုပ်ကိုင်လျက် ရှိပါသည်။

  • Surveying Instrument and Accessories

    surveying instrument accessories

    ဆောက်လုပ်ရေး ကဏ္ဏတစ်ခုလုံးတွင် အခြေခံအကျဆုံးနှင့် အရင်ဦးဆုံး စတင်လုပ်ဆောင်ရ သောလုပ်ငန်းမှာ Surveying လုပ်ငန်းဖြစ်ပါသည်။ တိကျသေချာသော မြေတိုင်း data များရရှိမှသာ မိမိတို့ ဆောင်ရွက်လျက်ရှိသော ဆောက်လုပ်ရေး လုပ်ငန်းများ၏ ကြီးမားလှသော ကုန်ကျစရိတ်ကို သက်သာအောင် ပြုလုပ်ပေးနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ဆောက်လုပ်ရေး လုပ်ငန်းများတွင် အဖြစ် များလေ့ရှိသော Material Wasting နှင့် Time Wasting များကိုလည်း ရှောင်လွဲနိုင်မည်ဖြစ်ပါသည်။

    Amigos International Co.,Ltd သည်မြေတိုင်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံး တိုင်းတာရေး ပစ္စည်းများကို ပေတံ၊ ပေကြိုးမှစ၍ Laser Scanner၊ UAV များအထိ တင်သွင်းဖြန့်ဖြူး ရောင်းချခြင်း၊ ရောင်းချပြီး ဝန်ဆောင်မှုအရ စက်ကိုင်တွယ်မှု သင်တန်းများပေးခြင်း၊ Customer များ၏လုပ်ငန်းထဲသို့ လိုက်လံ၍ လက်တွေ့ သင်ကြား ပြသပေးခြင်း၊ ပြန်လည်ပြုပြင်ပေးခြင်း၊ Calibration ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိပါသည်။ Amigos မှရောင်းချ ထားသောပစ္စည်းများ၏ တိကျမှု အရည်အသွေးသည် ယင်းပစ္စည်းများ၏ နကိုပါမှုလ Specification များနှင့်ကိုက်ညီမှုရှိအောင် အစဉ်အမြဲ အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ မိမိတို့၏ Customer များလက်ထဲသို့ Delivery မလုပ်ခင် Survey Instrument များ၏ကြံ့ခိုင်မှုများ စစ်ဆေးခြင်း စံချိန်စံညွှန်း ကိုက်ညီမှုရှိမရှိ စစ်ဆေးခြင်း၊ ပါဝင်ရမည့် ပစ္စည်းများ ပြည့်စုံမှုရှိမရှိ စစ်ဆေးခြင်း အစရှိသည်တို့ကို သက်ဆိုင်ရာဌာန အသီးသီးမှ မိမိတို့ကျရာ ကဏ္ဍမှနေ၍ ဝိုင်းဝန်းလုပ်ဆောင်ကြပါသည်။ အချို့သော Instrument များတွင် အသုံးပြုသူများ ပိုမိုလွယ်ကူစေရန်အတွက် User Manual ကိုမြန်မာဘာသာ စကားများဖြင့်ပြန်ဆိုပေးထားခြင်း၊ ဝယ်ယူထားသော စက်ရေရှည် အသုံးပြုနိုင်ရန် အတွက်ဆောင်ရန် ရှောင်ရန်အချက်များကို မြန်မာစကားဖြင့် ရှင်းရှင်းလင်းလင်း ထည့်သွင်းပေးထားခြင်း အစရှိသည့် ဝန်ဆောင်မှုများ လည်းပါဝင်ပါသည်။

    Amigos International Co., Ltd သည် ခေတ်မှီ မြေတိုင်းပစ္စည်းများကို ဆောက်လုပ်ရေးကဏ္ဍ များတွင်သာမက ပညာရေးကဏ္ဍ များတွင်ပါ အသုံးပြုနိုင်ရန် ရည်ရွယ်ဖြန့်ဖြူး လျက်ရှိပါသည်။ Amigos International Co., Ltd တွင် အောက်ဖော်ပြပါ မြေတိုင်းပစ္စည်းများကို ရန်ကုန် ၊ မန္တလေးနှင့် နေပြည်တော်မြို့များရှိ Amigos ၏ ရုံးခွဲများနှင့် Dealer ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။

  • Soil, Concrete & Asphalt Testing Equipment

    soil concrete asphalt testing equipment

    ဆောက်လုပ်ရေးလုပ်ငန်းများ မလုပ်ဆောင်မှီ မဖြစ်မနေ လုပ်ဆောင်ရသည့် မြေစမ်းသပ်ခြင်း လုပ်ငန်းများဖြစ်သော Physical Test နှင့် Material Test များ ကိုဦးစွာလုပ်ဆောင်ရန် လိုအပ်ပါသည်။ Amigos International Co., Ltd တွင် မြေစမ်းသပ်ရာ၌ အသုံးပြုရန်လိုအပ်သော Atterberg Limit, Consolidation, Direct Shear, CBR (California Bearing Ratio Machine), Triaxial Machine အစရှိသည့် Laboratory သုံးပစ္စည်းများ၊ Field ထဲတွင်အသုံးပြုနိုင်သော မြေစမ်းသပ်ပစ္စည်းများ ဖြစ်သည့် Dynamic Cone Penetrometer, Proving Ring Penetrometer, Soil Moisture Meter, Plate Bearing Testing Machine စသည့်စက်ပစ္စည်းများ၊ လမ်းခင်းရာနှင့် အဆောက်အဦးများ ဆောက်လုပ်ရာတွင် ကွန်ကရစ်၏ ခံနိုင်ရည်အားကို စမ်းသပ်တိုင်းတာနိုင်သော ပစ္စည်းများဖြစ်သည့် Compression Machine, Rebound Hammer, Concrete Moisture Meter များအပြင် ကတ္တရာ၏ အရည်အသွေးနှင့် စေးပျစ်မှုကို စမ်းသပ်တိုင်းတာနိုင်သော ပစ္စည်းများဖြစ်သည့် Marshall Testing Machine, Ductility Machine, Centrifuge Extractor, Viscometer စသည့် စမ်းသပ်ပစ္စည်းများကို တင်သွင်းဖြန့်ဖြူး ရောင်းချပေးနေပြီဖြစ်ပါသည်။

    ထို့အပြင် ရောင်းချပြီးသော စက်ပစ္စည်းများ ကိုလည်းလူကြီးမင်းတို့၏ ရုံး၊ ဌာန၊ စက်ရုံ၊ ကျောင်းစသည့် နေရာများအထိ အရောက် ပို့ဆောင်ပေးသည့်အပြင် လူကြီးမင်းတို့ ဝယ်ယူထားသော စက်ပစ္စည်းများ ကိုပိုမိုအဆင်ပြေစွာ အသုံးပြုနိုင်ရန် Installation၊ Application၊ Knowledge Training Training နှင့် Calibration များအထိပါ ပြုလုပ်ပေးလျက်ရှိသော ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။

    လူကြီးမင်းတို့ ဝယ်ယူထားသော စက်ပစ္စည်းများကို ရေရှည်အသုံးပြုနိုင်ရန် ရည်ရွယ်၍ဆောင်ရန်၊ ရှောင်ရန်ကိစ္စများ၊ စက်ပြုပြင် ထိန်းသိမ်းပုံများ၊ စက်၏ကြံ့ခိုင်မှု စစ်ဆေးပုံများကိုပါ အကြံဉာဏ်များ ပေးလျက်ရှိပါသည်။ အကယ်၍ စက်တစ်စုံတစ်ရာ ချို့ယွင်းသွားပါက ပြန်လည်ပြင်ဆင်ပေးနိုင်သော Service Center ကိုလည်း ဖွင့်လှစ်ထားရှိပါသည်။

    Amigos International Co., Ltd အနေဖြင့် လူကြီးမင်းတို့၏ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် မြေစမ်းသပ်ပစ္စည်းများ (Soil Testing Equipments)၊ ကွန်ကရစ် စမ်းသပ်ပစ္စည်းများ (Concrete Testing Equipments) နှင့် ကတ္တရာစမ်းသပ် (Asphalt Testing Equipment) ပစ္စည်းများကို ရန်ကုန်ရုံး (Head Office)၊ မန္တလေးနှင့် နေပြည်တော်မြို့များရှိ Amigos ၏ရုံးခွဲများတွင် စုံလင်စွာဖြန့်ဖြူး ရောင်းချပေးနေပြီ ဖြစ်ပါသည်။

  • Weather, Environmental, Horticulture Scientific & Laboratory Testing Equipment

    weather

    ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အခန်းကဏ္ဍကို ကမ္ဘာ့နိုင်ငံကြီးများ၌ အရေးကြီးဆုံး ကဏ္ဍတစ်ခု အနေနှင့်ဌာန ပေါင်းများစွာ၊ အဖွဲ့အစည်းပေါင်း များစွာဖြင့်ကျယ်ပြန့်စွာ ထိန်းသိမ်းစောင့်ရှောက် နေကြပါသည်။ ယခုအခါ ဖွံ့ဖြိုးတိုးတက်လာသော နိုင်ငံများ အနေဖြင့် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်း ဖြင့်နိုင်ငံအသီးသီး၏ ဂေဟစနစ်ကို ညီညွတ်မျှတအောင် နေထိုင်နိုင်ရန် ဆောင်ရွက်နေကြပါပြီ။

    ယခုအခါ မြန်မာနိုင်ငံ အနေနှင့်လည်း ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အခန်းကဏ္ဍသည်များစွာ အရေးပါလာသဖြင့် အစိုးရဌာနများ၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီများ အနေဖြင့် နိုင်ငံတကာနှင့် ပူးပေါင်းကာ ဆောင်ရွက်လာကြပါသည်။ Amigos International Co.,Ltd သည်မြို့ပြတိုင်းတာရေး ပစ္စည်းများစွာကို ဖြန့်ဖြူးရောင်းချလာခဲ့ရာမှ ယခုအခါ နိုင်ငံအတွက် အရေးပါသော ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ကဏ္ဍတွင် လိုအပ်သောလေ၊ ရေ၊ မြေစသော ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သက်ဆိုင်သော တိုင်းတာရေး ပစ္စည်းပေါင်းများစွာကို တင်သွင်းဖြန့်ဖြူး ရောင်းချခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက် လာနိုင်ခဲ့ပါသည်။

    ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စစ်ဆေးတိုင်းတာခြင်း ပစ္စည်းများအတွက် လုပ်ငန်းခွင် တိုက်ရိုက်သုံး ပစ္စည်းများသာမက၊ ဓါတ်ခွဲခန်းတွင် အသုံးပြုရသည့် ဓါတ်ခွဲခန်းသုံး ကိရိယာများကိုပါ နိုင်ငံတကာမှ အရည်အသွေးမြင့် အသိအမှတ်ပြု အမှတ်တံဆိပ်များဖြင့် တင်သွင်းဖြန့်ဖြုး ရောင်းချပေးနေပါသည်။ ရောင်းချပြီး ပစ္စည်းများကိုလည်း လက်တွေ့သင်ကြားပေးခြင်း Calibration များပြုလုပ်ပေးခြင်း၊ ပြန်လည်ပြုပြင်ပေးခြင်း စသောဝန်ဆောင်မှု့ များစွာဖြင့် ဆောင်ရွက်ပေးနေပါသည်။ Amigos International Co.,Ltd မှတင်သွင်းသောပစ္စည်း၊ ကိရိယာတို့၏ စံချိန်စံညွှန်းများ ကိုလည်းဝယ်ယူသူ (Customer) များစိတ်တိုင်းကျ စစ်ဆေးပေးခြင်း၊ ပါဝင်ပစ္စည်းများ ပြည့်စုံစေရန် ဆောင်ရွက်ပေးခြင်း၊ ပစ္စည်းကိုင်တွယ်မှု သင်တန်းများကို လည်းသက်ဆိုင်ရာ ကျွမ်းကျင်သော ဝန်ထမ်းများနှင့် သာမကသက်ဆိုင်ရာ နိုင်ငံတကာမှ ပညာရှင်များ ခေါ်ယူ၍သင်ကြား ပြသပေးခြင်း စသောဝန်ဆောင်မှု့များ ကိုလည်းပြုလုပ် ပေးနေပါသည်။ Amigos International Co.,Ltd မှပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာသုတေသန လုပ်ငန်းများ စမ်းသပ်နိုင်ရန်လေ၊ ရေ၊ မြေတိုင်းတာရေးတွင် အသုံးပြုသည့် ကိရိယာများ ပစ္စည်းများ ဓါတ်ခွဲခန်းသုံး ပစ္စည်းများကို ပြည့်စုံစွာ တင်သွင်းဖြန့်ဖြူး ရောင်းချပေးနေပါသည်။

  • Oil & Gas Exploration and Testing Equipment

    oil and gas

    မြန်မာနိုင်ငံသည် ရှေးအကျဆုံး ရေနံထုတ်လုပ်သည့် နိုင်ငံများထဲတွင် တစ်ခုအပါအဝင် ဖြစ်ပါသည်။ Central Burma Basin ဟုခေါ်သည့် မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ကုန်းတွင်းပိုင်း ရေနံလုပ်ကွက်များ၊ မြောက်မှတောင်သို့ ရှည်လျားလှသည့် ကမ်းရိုးတန်းအတိုင်း အများအပြား တည်ရှိနေသည့် ကမ်းလွန်ရေနံ လုပ်ကွက်များသည် မြန်မာနိုင်ငံတွင် ရေနံနှင့်သဘာဝ ဓါတ်ငွေ့လုပ်ငန်း မည်မျှအရေးပါသည်ကို မီးမောင်းထိုးပြသကဲ့သို့ ရှိပါသည်။

    Amigos International Co., Ltd. သည် ရေနံရှာဖွေရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုရသည့် ဘူမိရူပဗေဒ တိုင်းတာရေးဆိုင်ရာ လုပ်ငန်းသုံး ပစ္စည်းများဖြစ်သော Geophone နှင့် cable များ၊ Tape နှင့် Tape Drive များ၊ Interpretation နှင့် Processing လုပ်ငန်းသုံး Software များ၊ ဘူမိဗေဒဆိုင်ရာ တိုင်းတာရှာဖွေရသည့် လုပ်ငန်းသုံး ပစ္စည်းများရေနံနှင့် ရေနံထွက်ကုန် လုပ်ငန်းသုံး ဓါတ်ခွဲခန်းသုံး ပစ္စည်းများဖြစ်သည့် Fluid Testing Equipment များ၊ Core Analysis ပစ္စည်းများ၊ Lapping၊ Polishing နှင့် Geological Thin Section Cutting ပစ္စည်းများအစရှိ သည့်တို့ကို တင်သွင်းရောင်းချ ဖြန့်ဖြူးခြင်းနှင့် အသုံးပြုပုံသင်တန်းများ ပေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါသည်။

    ထို့အပြင်ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းတွင် တာဝန်ထမ်းဆောင် နေကြသူများ အားလုံး အတွက်လိုအပ်သော Skill & Knowledge Development သင်တန်းများ၊ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင် သင်တန်းများကို သက်ဆိုင်ရာ supplier များနှင့် ချိတ်ဆက်၍ ဆောင်ရွက်ပေးလျက်ရှိပါ သည်။

  • Geophysical Investigation Instrument

    geophysical investigation Instrument

    Amigos International Co.,Ltd သည် ဘူမိရူပ လုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် Resistivity Meter, Land Seismographs, Pile Echo Tester စသည့် ပစ္စည်းများကို ကမ္ဘာထိပ်တန်း ကုမ္မဏီများမှ မြန်မာပြည်တွင်းသို့ တင်သွင်းဖြန်းဖြူး ရောင်းချ ပေးလျှက်ရှိပါသည်။ ရောင်းချပြီး ပစ္စည်းများကိုလည်း သက်ဆိုင်ရာ ကျွမ်းကျင်သော ဝန်ထမ်းများနှင့် သာမက သက်ဆိုင်ရာ နိုင်ငံတကာမှ ပညာရှင်များ ခေါ်ယူ၍ သင်ကြား ပြသပေးခြင်း ၊ ကိရိယာတို့၏ စံချိန်စံညွှန်းများ ကိုလည်းဝယ်ယူသူ (Customer) များစိတ်တိုင်းကျ စစ်ဆေးပေးခြင်း၊ စသော ဝန်ဆောင်မှု့များ ပြုလုပ် ပေးလျှက်ရှိပါသည်။

  • Tools & Equipment

    tool and equipment

    ယနေ့ခေတ် လူနေမှု အဆင့်အတန်း မြင့်မားလာတာနှင့် အမျှပစ္စည်း ကိရိယာများကို အသစ်အဆန်းများ တီထွင်လာကြသည်။ ထိုအသစ်အဆန်း များထဲမှ တိုင်းတာရေး ပစ္စည်းကိရိယာ များလည်း ဆန်းသစ်စွာ ပေါ်ထွက်လာကြသည်။ လူသားတို့နေထိုင်ရာ တိုက်တာ၊ အိုးအိမ်များ ဆောက်လုပ်ခြင်း၊ သယ်ယူပို့ ဆောင်ရေးယာဉ်များ တီထွင်ထုတ်လုပ်ခြင်း၊ စားသောက်ကုန်နှင့် အခြားအသုံးအဆောင်များ ဖန်တီး ထုတ်လုပ်ခြင်းတို့အတွက် အခြေခံကျသော တိုင်းတာရေးများ ပြုလုပ်နိုင်ရန် တိုင်းတာရေးပစ္စည်းများ ကိုကျွန်တော်များ Amigos International Co., Ltd မှစံချိန်းစံညွန်း တိကျမှုနှင့် အရည်အသွေး ပြည်မှီသော ပစ္စည်းများတင်သွင်းကာ ရောင်းချလျှက်ရှိပါသည်။

    ထိုတိုင်းတာရေး ပစ္စည်းများကို လုပ်ငန်းခွင်အတွင်းရှိ ပညာရှင်များသာမက ကျောင်းသား ကျောင်းသူများအတွက်ပါ သင်ထောက်ကူပစ္စည်း အနေဖြင့်လည်း ဖြန်ဖြူးရောင်းချ လျက်ရှိပါသည်။

    အရည်အသွေး ပြည့်မှီသော ဂျပန်နိုင်ငံထုတ် Nagata Seiki နှင့် Shinwa အမှတ်တံဆိပ်များမှမှ Venier Caliper မျိုးစုံ၊ Measuring Tape မျိုးစုံ၊ Hand Level, Sprit Level များအပြင် လူကြီးမင်းတ တိုင်းတာခဲ့သော အတိုင်းအတာများကို အလွယ်တကူမှတ်သားနိုင်ရန် အရည်အသွေးပြည့်ဝသော Marker pen များကိုလည်း ရောင်းချလျှက်ရှိပါသည်။ ထိုအပြင် ဖြတ်တောက်ရာတွင် အသုံးပြုသည့် Side Cutting Pliers မျိုးစုံ၊ Diagonal Cutting Nippers မျိုးစုံ၊ Plastic Cutting Nippers, Long Nose Pliers, Cable Handy Cutter, Wire Cutting, Screw Driver Set, Wire Stripper, Vinyl Pipe Cutter, Flexiable Pipe Cutter မျိုးစုံကို Amigos International Co.,Ltd တွင်ဝယ်ယူရရှိနိုင်ပါသည်။