လုပ်ငန်းကျွမ်းကျင်မှု ဆိုင်ရာသင်တန်းများ

Amigos International Co., Ltd သည်ဝန်ထမ်းများ၏ စွမ်းဆောင်ရည် တိုးတက်မြင့်မား လာစေရန် အစဉ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာတွင် ဝန်ထမ်းများ၏ Skills & Knowledge တိုးတက်ဖွံ့ဖြိုးလာစေရန် အတွက်ရုံးတွင်း Business English၊ Personal Grooming အစရှိသော Soft Skill သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း ၊ Management & Leadership Training များသင်ကြားပေးခြင်း၊ Communication Skills များတိုးတက် ဖွံဖြိုးစေရန်အတွက် Presentation များ ပြုလုပ်စေခြင်း အစ ရှိသည့် Training များကို အခါအားလျှော်စွာ ပြုလုပ်လျက်ရှိပါသည်။ ထို့အပြင် Sales Consultant နှင့် Technical Supports ဝန်ထမ်းများအနေဖြင့် မိမိတို့ရောင်းချပြီး ဝန်ဆောင်မှုပေးနေသော Product များအား ပိုမိုကျွမ်းကျင်နားလည်စွာ သိရှိနိုင်စေရန် အတွက် လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းများကို ပြည်ပသို့စေလွှတ်ပြီး သင်ကြားစေခြင်း အပြင်နိုင်ငံရပ်ခြားမှ ပညာရှင်များ အားလုံးကိုလည်း မိမိတို့ရုံးသို့ ဖိတ်ခေါ်သင်ကြားခြင်း များကိုပြုလုပ် ပေးလျက်ရှိပါသည်။ ထို့အပြင် သက်ဆိုင်ရာဌာနများ အလိုက်ရုံးတွင်း အပတ်စဉ်တိုင်းတွင် ခေါင်းစဉ်တစ်ခုယူ၍ Presentation များပြုလုပ်ခြင်း မိမိတို့သိရှိထားသော Knowledge များအား ပြန်လည် မျှဝေပေးခြင်းများလည်း ပြုလုပ်လျက်ရှိပါသည်။