လူထုအကျိုးပြု လုပ်ငန်းများ

Amigos International Co., Ltd. သည် လူထု အကျိုးပြုနှင့် ပရဟိတ လုပ်ငန်းများဖြစ်သော CSR လှုပ်ရှားမှုများကို “မျှဝေကမ်းလက်” အမည်ဖြင့် လုပ်ကိုင်လျက်ရှိပါသည်။

ဆောင်ရွက်ခဲ့ပြီးသော လှုပ်ရှားမှုများနှင့် လက်ရှိ ဆောင်ရွက်လျက်ရှိသော လှုပ်ရှားမှု့များမှာ-

တစ်နှစ်လျှင်(၂)ကြိမ် စုပေါင်းသွေး လှူဒါန်းမှုများ ပြုလုပ်ခြင်း။
မိဘမဲ့ကလေးများ ကျောင်းသို့သွားရောက် လှူဒါန်းမှု ပြုပေးခြင်း။
ဝေးလံ၍ သွားလာရန် ခက်ခဲသော နေရာဒေသများသို့ သွားရောက် လှူဒါန်းမှုများ ပြုလုပ်ခြင်း။
သဘာဝနှင့် အခြားသော ဘေးဒဏ်ခံစားနေရသော နေရပ်ဒေသများသို့ သွားရောက် လှူဒါန်းမှုများ ပြုလုပ်ခြင်း။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းများ ပါဝင်ပါသည်။

ထို့အပြင် သက်ဆိုင်ရာ လများအလိုက် ပွဲတော်များကျင်းပခြင်း၊ ဝန်ထမ်းများအားလုံး စိတ်လက် အပန်းပြေ အနားယူနိုင်စေရန်အတွက်နှစ်စဉ် Annual Trip များသွားရောက်ခြင်းများ အပြင်ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း ရင်းနှီးချစ်ခင်စွာ ပိုမိုရရှိစေရန် နှစ်စဉ် Annual Staff ပါတီများကျင်းပခြင်း၊ အားကစား ပွဲများပြုလုပ်ခြင်း၊ ဂိမ်းကစားနည်းများ ထည့်သွင်းကစားခြင်း၊ ကံစမ်းမဲများ ဖောက်ပေးခြင်းများကို ပြုလုပ်ကြပါသည်။

The Donation

 

The Trip

 

The Gathering

 

The Fun