နောက်ခံသမိုင်းကြောင်း

2016

ပိုမိုကောင်းမွန်သော ရုံးခန်းသစ်သို့ ပြောင်းရွှေ့ ဖွင်လှစ်ခြင်း။

opening new head office
ရုံးနေရာ အဟောင်းမှနေ၍ သန့်ရှင်းသပ်ရပ်ပြီး ပိုမိုကျယ်ဝန်းသော (၄) ထပ် အဆောက်အဦး ရုံးခန်းအသစ်သို့ ပြောင်းရွှေ့ခဲ့ပါသည်။ ရုံးခန်းအသစ်တွင် စက်ကိရိယာ ပြင်ဆင်ချိန်ညှိခြင်းဌာန၊ ဓာတ်ခွဲခန်း၊ အစည်းအဝေးခန်း များနှင့် သင်တန်းခန်းမများ ပါဝင်၍သက်တောင့်သက်သာဖြင့် အလုပ်လုပ် ကိုင်နိုင်သော နေရာတစ်ခု ဖြစ်လာခဲ့ပါသည်။


HUMBOLDT MFG ၏ပထမဦးဆုံး အရှေ့အာရှအတွက် နိုင်ငံတကာအ ရောင်းကိုယ်စားလှယ် များတွေ့ဆုံပွဲ

celebration of humboldt
အမေရိကန်နိုင်ငံ မြေသားကွန်ကရစ်နှင့် ကတ္တရာ စမ်းသပ်စစ်ဆေး တိုင်းတာသည် ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသော Humboldt Mfg ၏ပထမဦးဆုံး အရှေ့အာရှအတွက် အရောင်းကိုယ်စားလှယ် များတွေ့ဆုံ ဆွေးနွေးပွဲ အစည်းအဝေးကို ရန်ကုန်မြို့ Amigos International Co.,Ltd ရုံးခန်းသစ်တွင် Humboldt Mfg ၏ နိုင်ငံတကာမိတ်ဖက် များနှင့်အတူ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။


We Care About You

2015

ရေနံသဘာဝနှင့် ဓာတ်သတ္တုရှာဖွေ တိုင်းတာရေးပစ္စည်းများ

cgg


သတ္တုတူးဖော်ရေး လုပ်ငန်းများတွင် ပိုမိုတိကျသော တိုင်းတာရေး အဖြေများရရှိပြီး နိုင်ငံအတွက် ပိုမိုထိရောက်သော သတ္တုတူးဖော်ရေး ကဏ္ဍသစ်တစ်ခု ဖွင့်လှစ်နိုင်ရန် အတွက်ဘူမိရူပဗေဒ ဆိုင်ရာရှာဖွေရေး နှင့် တိုင်းတာရေး ပစ္စည်းများဖြစ်သော Seismograph, Resistivity Meter, Maganotometer နှင့် ဆော့ဝဲလ်များ ကို CGG, Geometrics, IRIS Instruments အစရှိသော နည်းပညာရှေ့ဆောင် ကုမ္ပဏီများနှင့် လက်တွဲကာစတင် တင်သွင်း ဖြန့်ဖြူးရောင်းချခဲ့ပါသည်။


ဟောပြောဆွေးနွေးပွဲ။

seminar
ကနေဒါ နိုင်ငံ CGG အမှတ်တံဆိပ် ရေနံရှာဖွေရေး၊ ဘူမိရူပဗေဒ လုပ်ငန်းသုံးဆောဝဲလ် နည်းပညာသစ်များ အကြောင်းဟောပြော ဆွေးနွေးပွဲ။ (ပတ်ရွိုင်ရယ်ဟိုတယ်၊ ရန်ကုန်မြို့)


We Care Earth

2014

ရာသီဥတု၊ ပတ်ဝန်းကျင်နှင့် သုတေသနသုံး ပစ္စည်းများ

weather environmental
Amigos International Co.,Ltd သည် ၂၀၁၃ ခုနှစ်တွင် မိမိတို့ဝင်ရောက် လုပ်ကိုင်နေသော သက်ဆိုင်ရာ နယ်ပယ်များတွင် အများ၏ အသိအမှတ်ပြု ခြင်းကိုခံခဲ့ရပြီး နောက်ခြေလှမ်း အသစ်အနေဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးပစ္စည်းများနှင့် ပညာရေးလုပ်ငန်းသုံး၊ သိပ္ပံနှင့် ဓာတ်ခွဲခန်းသုံး ပစ္စည်းများကို ကမ္ဘာထိပ်တန်း ကုမ္ပဏီများဖြစ်သော Spectrum Technologies, TSI Instruments တို့နှင့် လက်တွဲကာစတင်ဖြန့်ဖြူး ရောင်းချဝန်ဆောင်မှု ပေးခဲ့ပါသည်။


ဟောပြောဆွေးနွေးပွဲ

exhibition of tsi
အမေရိကန် နိုင်ငံ TSI အမှတ်တံဆိပ် ပတ်ဝန်းကျင် လေထုစမ်းသပ် စစ်ဆေးတိုင်းတာသည့် နည်းပညာသစ် ဟောပြောဆွေးနွေးပွဲ။ (ဆီဒိုနားဟိုတယ်၊ ရန်ကုန်မြို့)


We Care Air & Environment

2013

ရေအရည်အသွေး စမ်းသပ်စစ်ဆေးရေး ပစ္စည်းများ

water quality instrument
ကမ္ဘာထိပ်တန်းရေ အရည်အသွေး စမ်းသပ်စစ်ဆေး တိုင်းတာရေး ပစ္စည်းများထုတ်လုပ်သည့် ကုမ္ပဏီများဖြစ်သော WTW, Palintest, Hanna Instruments တို့နှင့် လက်တွဲကာ မြန်မာနိုင်ငံရေ အရည်အသွေး စမ်းသပ်စစ်ဆေးရေး ကဏ္ဍသို့ စတင်ဝင်ရောက်ခဲ့ပါသည်။


နည်းပညာသစ်မိတ်ဆက်ပွဲ

event-exhibition
ဆွစ်ဇာလန် နိုင်ငံအခြေစိုက် မြေတိုင်းပစ္စည်းများ ထုတ်လုပ်သော GEOMAX AG နှင့်ပူးပေါင်၍ မြန်မာနိုင်ငံတွင် မြေတိုင်းနည်းပညာသစ် ဟောပြောဆွေးနွေးပွဲ ၊ ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲများကို ရန်ကုန်မြို့ Park Royal Hotel တွင်ပြုလုပ်ခဲ့ပြီး အလားတူ ပြပွဲများကိုနေပြည်တော် နှင့် မန္တလေး မြို့များတွင် လည်းကျင်းပ ပြုလုပ်ခဲ့ပါသည်။


We Care About Water

2011

မြေတိုင်းနည်းပညာသင်တန်းများ

advanced surveying course
မြန်မာနိုင်ငံ ဆောက်လုပ်ရေး ကဏ္ဍအတွက် မရှိမဖြစ်လိုအပ်သော မျိုးဆက်သစ် ကျွမ်းကျင်မြေတိုင်း ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်တို့နှင့် ပူပေါင်းကာ လက်တွေ့ အသုံးချ မြေတိုင်းသင်တန်းများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နှင့် အခြားမြို့ကြီးများတွင် ဖွင့်လှစ်ခဲ့ပါသည်။


မြေတိုင်းတာရေး ပစ္စည်းများနှင့် အရည်အသွေးစမ်းသပ် စစ်ဆေးသည့် ပစ္စည်းများ

surveying instrument
ဆောက်လုပ်ရေး လုပ်ငန်းသုံး အရည်အသွေး စမ်းသပ်စစ်ဆေးသည့် ကိရိယာ ပစ္စည်းများအား စတင်ဖြန့်ဖြူး ရောင်းချခဲ့ပါသည်။ Amigos International Co.,Ltd၏ အဓိကမိတ်ဖက်များ ဖြစ်လာမည့် ဆွစ်ဇာလန် နိုင်ငံအခြေစိုက် မြေတိုင်းပစ္စည်းများ ထုတ်လုပ်သော GEOMAX AG နှင့် အမေရိကန် နိုင်ငံအရည်အသွေး စမ်းသပ်စစ်ဆေးသည့် ပစ္စည်းများထုတ်လုပ်သည့် HUMBOLDT MFG နှင့် စတင် လက်တွဲခဲ့ပါသည်။


We Care Soil