စက်ပစ္စည်းပြုပြင် ထိန်းသိမ်းရေးစင်တာ

service center

ရန်ကုန်မြို့ Amigos International Co., Ltd တွင်ရှိသော Services Center သည် နိုင်ငံတကာ Services Center များ၏ စံချိန်စံညွန်းနှင့်ကိုက်ညီအောင် တည်ဆောက်ထားသည့် Center တစ်ခုဖြစ်ပါသည်။ Services Center ကို လုပ်သက် ရင့်ကျွမ်းကျင်သော Services Engineer များ၊ ငယ်ရွယ်တက်ကြွ၍ လေ့လာစူးစမ်းမှု အပြည့်ရှိသော Services Engineer များဖြင့်ပေါင်းစပ် ဖွဲ့စည်းထားပါသည်။အန္တရာယ် ဖြစ်စေသော လျှပ်စစ်စီးဆင်း မှုမဖြစ်ပေါ်ရန်အတွက် EDC Proof ဖြစ်အောင် စနစ်တကျ တည်ဆောက်ထားပါသည်။ မိမိတို့ထံလာရောက် အပ်နှံသောပစ္စည်းများ မလိုလားအပ်သော ထိခိုက်မှုများ၊ကြန့်ကြာမှုများ၊ပစ္စည်းမှားယွင်းမှုများ မဖြစ်ပေါ်စေနိုင်ရေး အတွက်တိကျသေချာ၍မဖြစ် မနေလိုက်နာ ကိုင်တွယ်ထိန်းသိမ်းရမည့် ကျင့်ထုံးများကို Services Engineer များအားလုံး လိုက်နာသဘောပေါက် ကျင့်သုံးနိုင်ရန် HSE Training များ၊ Maintainance Training များကို ပြည်တွင်းရော ပြည်ပတွင်ပါ သင်တန်းများစေလွှတ်၍ သင်ယူတတ်မြောက် စေပြီးဖြစ်ပါသည်။

စံချိန်စံညွန်းနှင့် Safety အပြည့်အဝရှိသော အကောင်းဆုံးသော Services Tool များအသုံးပြုထားခြင်း၊ သက်ဆိုင်ရာ Product များ အတွက် Spare Part များ၊ Services Part များအမြဲ Ready ဖြစ်အောင် ဖြည့်ဆည်းထားခြင်း၊ ကျွမ်းကျင်၍ စနစ်တကျသင်ယူ တတ်မြောက်ထားပြီး နိုင်ငံခြားမှ ပင်ရင်းပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများမှ Engineer များဖြင့် အတူတကွ ပူးပေါင်း လုပ်ဆောင်ထားသည့် အတွေ့အကြုံရှိသော Services Engineer များဖြင့် ဖွဲ့စည်းထားခြင်း၊ သန့်ရှင်းသပ်ရပ်ပြီး ISO Standard ရှိခြင်းစသည့်ဝိသေသ လက္ခဏာများ ဖြင့်ပြည့်စုံသည့် Services Center တစ်ခုအဖြစ် ရပ်တည်လျက်ရှိပြီး မိမိတို့၏ Customer များအပေါ် အကောင်းဆုံးဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။

Customer များဘက်ကိုလည်း စက်ပစ္စည်းများ အလွယ်တကူ အသုံးပြုနိုင်စေရန်နှင့် warranty ပေးထားသော ကာလအတွင်း user fault မှလွဲ၍ ပျက်စီးချို့ယွင်းမှု ရှိပါက company ဘက်မှ services အခမဲ့ပြု လုပ်ပေးခြင်းသာမက လိုအပ်ပါက စက်အသစ်တလုံးနှင့် လဲလှယ်ပေးခြင်းများ ပြုလုပ်ပေးပါသည်။ Customer များဝယ်ယူထားသော ပစ္စည်းတစ်ခုချင်း စီတိုင်းအတွက် ကုမ္ပဏီဘက်မှ စက်အသုံးပြုပုံများ ကိုရှင်းလင်းပြောကြား ပေးသည့်အပြင်၎င်း ပစ္စည်းတစ်ခုစီတိုင်းကိုလည်း warranty၊ servicing၊ repair၊ calibration နှင့်user training များကို လိုအပ်သလို စဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိပါသည်။ ထို့အပြင် ကျွနု်တို့ company မှဝယ်ယူထားသော ပစ္စည်းများသာမက အခြားအမှတ်တံဆိပ် ပစ္စည်းများကို လည်းပြုပြင်ပေး လျက်ရှိပါသည်။ ၎င်းစက်ပစ္စည်း များကိုလည်း စက်ပြုပြင်ပြီးကာလမှစ၍ services warranty အဖြစ်ထပ်မံ၍ သတ်မှတ်ပေးထားပါသည်။ Services warranty ကာလအတွင်းမှာ တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက user fault မှလွဲ၍ company မှ service free ပြန်လုပ်ပေးမည် ဖြစ်ပါသည်။