နည်းပညာ ၀န်ဆောင်မှု

technical support 01

 

Amigos International Co., Ltd ၏ထူးခြားသော ဝိသေသတစ်ခုမှာ မိမိတို့ ရောင်းချထားသော စက်ပစ္စည်းများ (အားလုံးမဟုတ်ပါ) ကိုသက်ဆိုင်ရာ လုပ်ငန်းခွင်သို့ လိုက်လံ၍ သင်ကြားပြသ ပေးခြင်းဖြစ်ပါသည်။ ဝယ်ယူသူဘက်မှ စက်ကိုင်တွယ် အသုံးပြုမည့်သူ အားယင်းစက်၏ အလုပ်လုပ်ပုံ၊ အသုံးပြုပုံ၊ ဆောင်ရန်ရှောင်ရန်များနှင့် ရေရှည်အသုံးပြုနိုင်အောင် ထိန်းသိမ်း ဆောင်ရွက်ရမည်များကို စနစ်တကျ သေသေချာချာ သင်ကြားပြသပေးပါသည်။ သို့မှသာ မိမိတို့တန်ဘိုး ကြီးစွာဖြင့် ဝယ်ယူထားသော ပစ္စည်းများ လေလွင့်မှုမရှိဘဲ ပစ္စည်းတန်ဘိုးနှင့် ညီမျှသည့် လုပ်ငန်းခွင် စွမ်းဆောင်ရည်များ ပိုမိုတိုးတက်ရရှိ မည်ဖြစ်ပါသည်။ ထုထည်နှင့် အလေးချိန်ကြီးမား၍ တည်ဆောက်ပုံရှုပ်ထွေးသည့် စက်ပစ္စည်းများ ကိုလည်းလုပ်ငန်းခွင်သို့ လိုက်လံ၍ စနစ်တကျ Installation ပြုလုပ်ပေးလျက် ရှိပါသည်။

မြေတိုင်း ကိရိယာပစ္စည်း များအတွက် အစိတ်အပိုင်း တစ်ခုချင်းစီအတွက် spare part များအဆင့်သင့်ထား၍ တိကျသေချာစွာ အမြန်ဆုံး ပြုပြင်ဆောင်ရွက် ပေးပါသည်။ စက်ပစ္စည်းများ ပြုပြင် ရာတွင် တိကျသေချာစေရန်အတွက် collimator စက်နှစ်မျိုး (တစ်ခုမှာ Leica အမျိုးအစား switzerland နိုင်ငံထုတ် collimator ဖြစ်ပါသည်) နှင့်အရည်အသွေး ပြည့်မှီသော services toolsများဖြင့် calibration ပြုလုပ်ပေးလျက် ရှိပါသည်။ Calibration ပြုလုပ်ပေးပြီးနောက် ၎င်းစက်အလုပ်လုပ် ပုံမှန်ကန်မှုရှိခြင်း မရှိခြင်းကိုလည်း EDM Distance များကို မြေတိုင်းပညာများနှင့် services center အတွင်းရှိ fixed ကျသော prism များနှင့် indoor and outdoor သေချာစွာ စစ်ဆေးပေးပါသည်။ မြေတိုင်းပစ္စည်းများ အတွက် Software၊ Hardware နှင့် Firmware တပ်ဆင်ခြင်း များကိုလည်း အမြန်ဆုံးပြုပြင် ဆောင်ရွက်ပေးပါသည်။